Bagan Keyboard (ပုဂံ ကီးဘုတ်) Android Application (2 MB )
Android Deviceတွေအတွက် မြန်မာDeveloperတွေရေးဆွဲထားတဲ.
ကီးဘုတ်အသစ်တခုထွက်ရှိလာတာ ဖြစ်ပါတယ်။မူရင်းဆိုက်က
အတိုင်းတင်ပေးလိုက်ပါတယ်။
Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက်
မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော
Bagan Keyboard (BETA) version ကို စတင်ထုတ်ဝေလိုက်ပါသည်။
http://www.bitmyanmar.com.mm/kanaung/bagankeyboard
တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။
Bagan Keyboard ၏ ထူးခြားချက်များမှာ-
၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ
တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။
၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။
၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို
အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System)
ပါရှိပါသည်။
၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော
အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက်
ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။
၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary
တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း
စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။
၆။ သိမ်းဆည်းထားသော User Dictionary မှစကားလုံးတွဲများသည် software အား
uninstall လုပ်ခြင်း၊ version upgrade
လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ
ဆက်လည်အသုံးပြုနိုင်ပါသည်။
၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ
လျင်မြန်စွာ ရိုက်နိုင်ပါသည်။
၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice
Input (English)ပါဝင်ပါသည်။
၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3)
စသည်တို့ကို ထပ်မံထည့်သွင်းလိုပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language
Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly
Bean) အထိ အသုံးပြုနိုင်ပါသည်။
၁၁။ Bagan Keyboard သည် အသုံးပြုသူ အတွက် စကားတွဲအသစ်များကို
အပေါ်မှာပေါ်လာသည့် စာလုံးကို
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။
***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk ,
Facebook Message များပို့ခြင်း တို့ကိုအဆင်ပြေစေရန် ရည်ရွယ်ပါသဖြင့်
အသုံးနည်းသော ပါဠိစကားလုံးများနှင့် ပါဌ်ဆင့်အချို့ကို လက်ရှိ Version တွင်
ခေတ္တချန်ထားပါသည်။
***စာလုံးပေါင်းအကြံပေးစနစ်တွင်လည်း ယခု BETA Version တွင်
မပြည့်စုံမှုများရှိနေပြီး၊ မကြာမီထွက်မည့် Version အသစ်တွင်
ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ မကြာမီ အခြားသောတိုင်းရင်းသာား
ဘာသာစကားများအတွက် ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါသည်။
အားပေးမှုအားအထူးကျေးဇူးတင်ရှိပါသည်။
Post a Comment