ကျွန်တော်လွန်ခဲ့တဲ့ (၅)ရက်လောက်က စိတ်မကောင်းစရာသတင်းတစ်ခုကြားခဲ့ပါတယ်
Google reader ကြီးပိတ်တော့မယ်တဲ့ အခြားသူများကတော့မသိပါဘူးကျွန်တော့အတွက်
တော့ Google reader က အရမ်းအရေးကြီးပါတယ် ကျွန်တော် အဲဒါလေးကို မှီပြီး
လေ့လာလိုက် ဘလော့ရေးလိုက်လုပ်နေရတာပါ လိုင်းမကောင်းတဲ့ ကျွန်တော့်အတွက်
Google reader လေးက အရေးကြီးနေပါတယ် သို့သော် ပိတ်တော့မယ်ဆိုတော့လည်း
ဘယ်တတ်နိုင်မလဲ ကျွန်တော် Reader သုံးနည်းလေးအကြောင်းကို ရေးမယ်လို့
လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက စိတ်ကူးရှိခဲ့ပါတယ် ဒါပေမယ့်
မအားတာရယ် လိုင်းမကောင်းတာရယ်ကြောင့် မရေးဖြစ်ခဲ့ပါဘူး အခုတော့
အသုံးပြုနည်းမရေးတော့ပဲ သုံးလက်စသူများအတွက် မိမိတို့ Google reader
လေးကို backup လုပ်ပြီး အခြား reader ဆိုဒ်တစ်ခုကို ပြောင်းရွှေ့နည်းလေး
ပဲရေးဖို့အကြောင်းဖန်လာပါတော့တယ် ဘယ်လိုပဲဖြစ်ဖြစ်ပါ
ငကန်းသေရင် ငဆွေပေါ်လာမှာပေါ့ Google reader လောက်သုံးမကောင်းတဲ့
Old Reader လေးဖြစ်နေပေမယ့်လည်း လူသုံးများလာရင်တော့
ကောင်းသထက်ကောင်းအောင်သူလုပ်မှာသေချာပါတယ်
Google Reader Subscriptions ကို Export လုပ်နည်း
အရင်ဆုံး Google Takeout homepage ကိုသွားရမယ် သူကဘာလုပ်ပေးလဲဆိုတော့ ကျွန်တော်တို့
Google ရဲ့ Service သုံးသူတွေအတွက် backup ယူဖို့ပဲဆိုပါတော့ ကျွန်တော်က Reader
ကို ဦးစားပေးဖော်ပြမှာဖြစ်လို့ Reader နဲ့ဆိုင်တာကိုသာ ပြောပါမယ် ကျန်တဲ့
Service တွေကတော့ မိမိတို့ဥာဏ်ရှိသလို စီမံကြပါ အဲဒီ Takeout page ကိုရောက်ရင်
မိမိ Reader သုံးတဲ့ mail နဲ့ ၀င်လိုက်ပါ
အပေါ်ကပုံလိုပေါ်လာအောင် Choose Service ဆိုတာကိုနှိပ်လိုက်ပါ
ပြီးရင် Reader ကို နှိပ်လိုက်ပါ
ဒါဆိုရင် ရွေးပီးပြီပေါ့ Create Archive ကိုထပ်နှိပ်လိုက်ဗျာ
အောက်ကပုံလိုမျိုးပေါ်လာလိမ့်မယ် Complete လို့ပေါ်လာပီဆိုရင်တော့
Download ကို အသေသာနှိပ်လိုက် .zip ဖိုင်တစ်ခုဒေါင်းခိုင်းလိမ့်မယ်
ဒါဆို backup လုပ်ငန်းစဉ်ပီးပီ အဲဒီ zip ဖိုင်လေးကို ဖြည်ထားလိုက်ပါ
ကျွန်တော်အပေါ်က ပြောခဲ့သလို The old Reader ကို ပြောင်းမယ်ဗျာ.
အဲဒီတော့ The Old Reader ဆိုဒ်ကို သွားလိုက်ပါ
ရောက်ပြီဆိုရင် မန်ဘာဝင်ဖို့လိုပါတယ် သိပ်မခက်ပါဘူး
facebook နဲ့ဝင်မလား Google ID နဲ့ဝင်မလားပေါ့ ကျွန်တော်ကတော့
facebook နဲ့ဝင်လိုက်တယ် ပိုလွယ်သွားတာပေါ့ အားလုံးသိပါတယ်
facebook နဲ့ဝင်နည်းကို Sign in using facebook ဆိုပြီး အဲဒါကို နှိပ်လိုက်
ပြီးရင် facebook မှာ Allow လာတောင်းမယ် ပေးလိုက် ဒါဆိုဝင်ပီးပီ
လွယ်သလားလို့ မန်ဘာဝင်ပြီးရင်တော့ ခုနက ဒေါင်းထားတဲ့
ဟာကို import လုပ်ဖို့ ညာဘက်အပေါ်က import ဆိုတာကိုနှိပ်လိုက်ပါ
ခုနကဒေါင်းထားတဲ့ Zip ဖိုင်ကို ဖြည်လိုက်ပီးတော့ ဖိုဒါထဲမှာ Subscriptions.xml ဆိုတာကို
ရွေးလိုက်ပါ
ဒါဆိုရင် သူ import လုပ်ငန်းစတင်နေပါပီ
၁နာရီလောက်စောင့်ပေးလိုက်ရင် OK ပီ အကောင့်ကို ပိတ်ထားလည်းရပါတယ် သူ့ပါသူ import
လုပ်နေပါတယ် Feeds တွေများရင် များသလိုကြာမှာပါ
နောက်သုံးချင်လို့
ပြန်ဝင်ချင်ရင် ခုနကလိုပဲ sign in with facebook ဆိုတန်းဝင်ပြီနော်
အားလုံးကို ခင်မင်လေးစားလျှက်
အောင်ကျော်ခိုင်(ပုသိမ်)
http://aungkyaw.com
http://aungkyaw.com
ကျေးဇူးပြု၍ Like ပေးပါအုံး
Post a Comment