Shortcut Icon ပြသနာအကျယ်ရှင်းလင်းချက် ( ဖြေရှင်းနည်း )


 
အမေး= အစ်ကိုရေ ကျွန်တော့်ကွန်ပျူတာက Windows 7 သုံးထားပါတယ်။ ဒါပေမယ့် အခုဘာနှိပ်လိုက်မိသလဲ မသိဘူး..Desktop ပေါ်မှာရှိတဲ့ Icon မှန်သမျှက Windows Media Player ပုံတွေချည်းဖြစ်ကုန်ပါတယ်။ Folder တွေကလွဲပြီးဘားမှဖွင့်မရတော့ပါ။ ဆိုင်သွားပြတော့လဲ Virus ကိုက်တာကြောင့်ဖြစ်တာ..Windows ပြန်တင်ရမယ်လို့ပြောပါတယ်..အရေးကြီးတဲ့ Data တွေရှိတဲ့အတွက် Windows ပြန်မတင်ချင်ပါဘူးခင်ဗျာ..အခုကျွန်တော်ဖြစ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်မယ့်နည်းရှိပါသလား..ပီးတော့ ကျွန်တော့်လိုမျိုးဘဲ ကျွန်တော့်သူငယ်ချင်း ကွန်ပျူတာတွေမှာလည်းဖြစ်နေပါတယ်..ဖြေရှင်းလို့ရမယ်ဆိုရင်ဖြေရှင်းပေးပါ..ပြီးတော့ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာလည်း အစ်ကိုတို့သိမယ်ဆိုရင်ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ
လေးစားစွာဖြင့် - ၀ါးခယ်မသား (ဧရာဝတီတိုင်း)
 
အဖြေ = ဟုတ်ကဲ့..အခုညီလေးရင်ဆိုင်နေရတဲ့အခက်အခဲကို  အစ်ကိုတို့အနေနဲ့ဖြေရှင်းပေးနိုင်ပါတယ်..အခု အဲဒီ Icon တွေအကုန်လုံး Windows Media  Player ပုံတွေဘာကြောင့်ဖြစ်ကုန်တယ်ဆိုတာအရင်ရှင်းပြပေးပါ့မယ်။အဓိက လက်သည်  တရားခံကတော့ Program တစ်ခုပေါ်ကို Right Click ထောက်ရင်ပေါ်လာတဲ့ OpenWith ဆိုတဲ့  Menu ကြောင့်ပါဘဲ။

 Desktop ပေါ်မှာရှိနေတဲ့ Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With  
ကိုနှိပ်ကာ Program  တစ်ခုကို ရွေးချယ်မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program  ပုံတွေဖြစ်ကုန်တော့တာပါဘဲ..ဒါဟာဘာကြောင့်လဲဆိုရင်

 (၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှု  
အားနည်းနေခြင်း(Exploit)

(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာ Program Icon မှန်းမသိ.. Folder or Files  မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။

အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယအချက်ကို မပြောတော့ပါဘူး..ပထမအချက်ကိုဘဲပြော

ပြပါ့မယ်..အခု ညီလေးဖြစ်နေတဲ့ ပြသနာမျိုးက Windows 7 တွေမှာဘဲဖြစ်တာပါ..တစ်ချို့က  ဒီလိုဖြစ်တာဟာ Virus ထိတာလို့ပြောကြပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ

ဒီလိုဖြစ်ရင် System  Restore ပြန်လုပ်လိုက်ကြပါတယ်..ခဏတာတော့ ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲအတိုင်းပါဘဲ။  ဒီတော့ Open with လုပ်တိုင်း ဒီ Program Icon တွေက  အကုန်ပြောင်းနေတော့မှာပါဘဲ..ဒါကတော့ Windows 7 ရဲ့အားနည်းချက်ပါ။ Microsoft က  သူ့ရဲ့  ထုတ်ကုန်အားနည်းချက်ကို ပြုပြင်ပေးတဲ့အနေနဲ့  Registry Code  တစ်ခုထုတ်ပေးခဲ့ပါတယ်..ဒါကို  အသုံးပြုလိုက်ခြင်းအားဖြင့် Program ပေါ် Right Click ထောက်ပြီး Openwith လုပ်မိတဲ့အခါမှာ  Icon တွေအကုန်လုံးက ဘားမှပြောင်းလဲတော့မှာမဟုတ်ပါဘူး..ဒါကြောင့် ဒီလို  အဖြစ်မျိုးကြုံတွေ့နေရတဲ့သူတွေအဖို့

ကျနော်က ဖြေရှင်းပေးနိုင်တဲ့ Registry Code တွေကိုတင်ပေးလိုက်ပါတယ်။အရင်ကလည်း  တင်ပေးဖူးပါတယ်..အခု မေးခွန်းကိုသေချာမေးလာတဲ့အတွက်  ဗဟုသုတအနေနဲ့အားလုံးသိ အောင် အကျယ်ရှင်းပြလိုက်တာပါ..ဒီလို Windows 7 မှာဖြစ်နေတဲ့ 

Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services ဆိုင်တော်တော်များများက Virus 

ဟုအကြောင်းပြကာ 

ဝင်းဒိုးစ် ပြန်တင်ခြင်းများ ပြုလုပ်နေကြပါတယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ်  တစ်ခါပြန်တင်ရင်လဲ ငါးထောင် ဒါမှမဟုတ်  ရှစ်ထောင်လောက်တောင်းနေတာပါ..ကိုယ်တိုင်တင်တတ်တဲ့သူတွေ  အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် ပြန်လည်ပြုပြင်လို့ရတယ်ဆိုတာ  အချိန်ကုန်သက်သာစေချင်လို့ရှင်းပြပေးတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက်  မျိုးကြုံလာခဲ့လို့ရှိရင်လည်း စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး  ကူညီပေးလိုက်ပေါ့ဗျာ (ပညာခတောင်းခိုင်းတာနော် :P) .. ကဲ..ဆက်ကြည့်ပါဦး..။

အသုံးပြုပုံ

ကြိုက်ရာ Link ကနေ Registry Code ကို Download ချပါ။
 
 Download ==> Solidfiles ၊ Mirror

Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ အမည်းရောင်  Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ Exe.reg ကို Click ပါ။

 Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို 

Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့ Icon တွေဟာ မူလ 

Program Icon တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open With 

လုပ်ကြည့်လိုက်ပါဦး… အခြားProgram တွေပြောင်းလဲတော့မှာမဟုတ်ပါဘူးခင်ဗျာ… ။
 
Icon တွေပြောင်းကုန်တာကို Virus ထိတယ်ဆိုပြီး Windows အသစ်ပြန်တင်ကာ

လုပ်စားနေတဲ့ မြန်မာနိုင်ငံ Computer Services ဆိုင်အချို့ရဲ့ စီးပွားရေးကိုတုတ်နဲ့

ထိုးသလိုများဖြစ်ခဲ့ရင် Mailserver.npt@gmail.com သို့ဆက်သွယ်ကြပါကုန်. :D

Post a Comment