USB ပေါက်တွေကနေ အသုံးပြုရတဲ့ မန်မိုရီစတစ်လို့ခေါ်တဲ့ USB Pendrive တွေကို တခြားလူတွေ အသုံးပြုလို့မရအောင် ၊ Data တွေ၊ ဆော့ဝဲလ်တွေကို တခြားလူယူလို့မရအောင် ဒီကောင်လေးနဲ့ Password ပေးပြီး ပိတ်ထား၊ ကာကွယ်ထားလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch ဖိုင်ထည့်နည်းက တခြား ဆော့ဝဲလ်တွေနဲ့ မတူတဲ့အတွက် အောက်မှာပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ Install ထည့်တဲ့နေရာမှာ မိမိတို့ အသုံးပြုမယ့် USB Pendrive ကို ကွန်ပျူတာမှာ တပ်ထားပြီးမှ ဒီကောင်လေးကို Install ထည့်လို့ ရမှာပါ..။
အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.7 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..။
အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.7 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။ ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။
Install ထည့်တဲ့ အချိန်မှာ Pendrive ကို တပ်မထားရင် အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်..။ ဒါကြောင့် Pendrive ကိုအရင်တပ်ထားပြီးမှ ဒီကောင်လေးကို Install ထည့်လို့ ရမှာပါ..။
ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ patch ဖိုင်လေးကို အောက်ကပုံအတိုင်း Run လိုက်ပါ..
ခုနှစ်နေရာမှာ ကျနော်က 2015 လို့ပြောင်းထားလိုက်ပါတယ်..။ တခြားခုနှစ်ကို ပြောင်းထားလို့လည်း ရပါတယ်..။ ပြီးရင်တော့ မျှားပြထားတဲ့အတိုင်း အရုပ်နေရာကို နှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာရင် Yes ပေးလိုက်ပါ..။
နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ USB Pendrive ရှိတဲ့နေရာကို သွားပြီး ဖွင့်ပါ..။ အဲ့ထဲက USB Secure ဆိုတဲ့ ဖိုင်လေးကို တချက်ကလစ်ပြီး အောက်ကပုံအတိုင်း Open ကိုနှိပ်ပေးလိုက်ပါ..
OK ပေါ်လာရင် ကြတ်ခြေခတ်နဲ့ ပိတ်လိုက်လို့ ရပါပြီ..။ ဒါဆိုရင် မိမိတို့ရဲ့ USB Pendrive ကို Password ပေးပြီးအသုံးပြုလို့ ရသွားပါပြီ..။
Password ပေးတော့မယ်ဆိုရင်တော့ အောက်ကပုံအတိုင်း Pendrive ထဲက USB Secure ဖိုင်လေးကို ဖွင့်လိုက်ပါ..။
Password ၂ခါမှန်အောင် ထည့်ပြီး Protect ကို နှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း အလုပ်လုပ်နေရင် စောင့်နေပေးလိုက်ပါ..။
Successfully ဆိုရင်တော့ Exit နဲ့ ထွက်လိုက်ပါ..။ ဒါဆိုရင် မိမိတို့ရဲ့ Pendrive ကို Password နဲ့ ပိတ်ထားလိုက်ပါပြီ..။ အောက်ကပုံအတိုင်း Computer ကနေ ကြည့်လိုက်ရင်တော့ Data တွေ ရှိနေတာ မြင်ရပါတယ်..။ ဖွင့်ကြည့်လိုက်ရင်တော့ အောက်ဆုံးပုံအတိုင်း USB Secure ဖိုင်တခုပဲ ပေါ်နေတာ တွေ့ရပါလိမ့်မယ်..။
အပေါ်ပုံအတိုင်း ဖွင့်လိုက်ရင်တော့ Password တောင်းတဲ့အခါ မိမိတို့ ထည့်ပေးထားတဲ့ Password ကိုမှန်အောင် ရိုက်ထည့်ပြီး Pendrive ကိုဖွင့်သုံးလို့ ရသွားပါပြီ..။
အောက်ကပုံအတိုင်း ဖိုင်တွေ ပြန်ပေါ်လာပါပြီ..။
အပေါ်ပုံအတိုင်း Done နဲ့ ပိတ်လို့ရသလို Explore နဲ့လည်း ပိတ်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။
Post a Comment